Published on

How computer stores your files

Authors
  • avatar
    Name
    Sai Horm Kham
    Twitter

ကွန်ပျူတာမှာ data တွေကို သိမ်းတဲ့အခါမှာ 0 နဲ့ 1 ပဲသိမ်းလိမ့်ရှိပါတယ်။ အဲဒါကို binary system လို့သုံးနှုန်းပါတယ်။ ကျွန်ပျူတာမှာဘာလို့ 0 နဲ့ 1 ပဲသိမ်းတာလဲဆိုရင် ကွန်ပျူတာရဲ့ memory က switch(ခလုတ်) အပေါ်မှာ အခြေခံလို့ပါ။ သဘောက ခလုတ်ပိတ်ထားရင် သုည၊ ခလုတ်ဖွင့်ထားရင် ၁ ပါ။ computer ရဲ့ basic storage ကို bit လို့ခေါ်ပါတယ်။ one bit မှာ သုည သို့မဟုတ် တစ် တန်ဖိုးတစ်လုံးကို သိမ်းလို့ရပါတယ်။ ဆိုတော့ကား computer မှာ သင့်ရဲ့ data တွေကို ဘယ်လိုသုံးလဲ အကြမ်း လေ့လာကြည့်ရအောင်။

Text Data

English text တွေကို သိမ်းဖို့ ASCII (American Standard Code for Information Interchange) ကိုသုံးလေ့ရှိပြီး ကမ္ဘာတစ်ဝန်းက ဘာသာစကားလုံးတွေအတွက် Unicode ကို အသုံးများပါတယ်။ ဒီနေ့တော့ ASCII အကြောင်းအနည်းအကျဉ်းမျှဝေပေးပါမယ်။ ASCII မှာ English alphabet တွေကို represent လုပ်တဲ့အခါမှာ 7 bit or extended version မှာ 8 bits ကိုသုံးပါတယ်။ ဥပမာ A ကို သိမ်းချင်တဲ့အခါမှာ memory မှာ 0100 0001 လို့သိမ်းပါတယ်။ အောက်ကပုံမှာတော့ အသေးစိတ် ပြထားပါတယ်။

Picture

Computer မှာ ဓာတ်ပုံကို RGB (Red, Green, Blue) color scheme နဲ့ represent လုပ်လေ့ရှိပါတယ်။ သူ့မှာလဲ 16 bits, 24 bits နဲ့ 32 bits ဆိုပြီးကွဲပါသေးတယ်။ အာ့ထဲမှာမှ 24 bits နဲ့ 32bits ကိုအနည်းငယ်ပြောပြပါမယ်။ 24 bits မှာ red, green, blue အတွက် 8 bit စီ သိမ်းပါတယ်။ ဥပမာ အနီကို ဖော်ပြချင်တဲ့အချိန်မှာ 11111111 00000000 00000000၊ အစိမ်းကို ကို ဖော်ပြချင်တဲ့အချိန်မှာ 00000000 11111111 00000000 အာ့လိုမျိုးတွေ သုံးပါတယ်။ အာ့ကြောင့် 24 bits မှာက color အရောင်ကွဲပေါင်း 16777216 အထိ represent လုပ်နိုင်ပါတယ်။ 32 bits မှာက Transparent အတွက် 8 bits ကို ထပ်သုံးမှာပါတယ်။ အာ့ကြောင့်သူ့မှာကျတော့ အရောင်ကွဲပေါင်း 16777216 အပြင် transparency အထိ represent လုပ်နိုင်ပြီး 16 bits မှာကျတော့ 24 ကို အနည်းငယ် ချုံ့ထားတဲ့ version လို့ ဆိုနိုင်ပါသလို အရောင် 65536 သာသိမ်းနိုင်ပါတယ်။ ဟိုတလောက ထွက်တဲ့ mi band 5 က band 4 ထက် resolution ပိုတိုးလာပေမယ့် color scheme က 32 bits ကနေ 16 ထိလျော့လိုက်တာပါ။ mi အနေနဲ့လဲ band တစ်လုံးမှာ အရောင်အရမ်းစိုစရာမလိုဘူး တွေးလို့ဖြစ်ပါလိမ့်မယ်။ Computer မှာ ဓာတ်ပုံတစ်ပုံကို represent လုပ်တဲ့အခါမှာ pixel တွေနဲ့ ဖော်ပြလေ့ရှိပါတယ်။ 24 bit color scheme ကို သုံးတဲ့ resolution 1024 x 768 ရှိတဲ့ ပုံတစ်ပုံဟာဆိုရင် storage အတွက် 1024x768x24 = 18,874,368 bits (~2.36 mb) နေရာယူမှာပါ။ (compression ကို ထည့်းမစဉ်းစားထားပါ)

Video

Computer မှာ video ဆိုတာက များပြားလှတဲ့ ဓာတ်ပုံတွေကို တစ်ဆက်ထဲ ပြသသွားတာ ဖြစ်ပါတယ်။ ဆိုလိုချင်တာက 25 frames per second (fps) ဆိုတာက တစ်စက္ကန့်မှာ ပုံရိပ်ပေါင်း ၂၅ ပုံပြသနိုင်တာဖြစ်ပါတယ်။ (အာ့ကြောင့် realtime shooting game ကစားတဲ့ gamer တွေက fps ကိုအရမ်းတန်ဖိုးထားကြပါတယ်။) ဥပမာ resolution 1024 x 768 ရှိပြီး 25 fpsရှိတဲ့ စက္ကန့် ၆၀ ကြာတဲ့ ဇာတ်ကားကို သိမ်းဖို့ (1024 x 768 x 24) 18,874,368 x 25 x60 = 28,311,552,000 bits (~3.5 gb) ပါ။

အခုလို အနည်းငယ်လေး ပြောပြထားတာကို အနည်းငယ်လေး ဆုံးအောင်ဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ နောက်အပတ်မှာလဲ အနည်းငယ် ပြောပြနိုင်ဖို့ အတွက် အနည်းငယ် ကြိုးစားသွားပါ့မယ်။ အမှားအနည်းငယ်ပါခဲ့သည်ရှိသော် အနည်းငယ်ထောက်ပြပေးပါ။