Published on

File ကိုအပြီးအပိုင် ဘယ်လိုဖျက်မလဲ

Authors
  • avatar
    Name
    Sai Horm Kham
    Twitter

File ကိုအပြီးအပိုင် ဘယ်လိုဖျက်မလဲ။ မမြင်တာကြာတော့ မေ့နေကြပြီထင်ပါတယ်။ အခုတလော ဗီနိုင်းဆိုင်တွေ ခွေးဆွဲနေတယ် သတင်းကြားလို့ အခု ဒီပိုစ့်ကို တင်ဖို့ ကိုယ်ယောင်လာပြတာပါ။ ဖြစ်သွားတဲ့ ပြဿနာကဘာလဲဆိုရင် ကျွန်တော့မြို့ရဲ့ ဗီနိုင်းဆိုင်တစ်ခုက ခွေးဆွဲခံရတယ်။ ရှော့ခ်ရှိတဲ့ ပုံတွေကို ဖျက်ထားပြီးသားဖြစ်ပေမယ့် ဟိုဖက် အပြောအရ (ဟုတ်ချင်မှလဲ ဟုတ်မှာပါ။ နင်လိမ်းနေတာ) အာ့ပုံတွေကို ပြန်ဆယ်(recovery) ပြီးတော့ ဖမ်းတယ်လို့ကြားရပါတယ်။ ဟုတ်သည်ရှိ မဟုတ်သည်ရှိ ဒီနေ့တော့ Computer မှာ File ဖျက်တာနဲ့ ပတ်သက်ပြီးတော့ အနည်းငယ်ရှင်းပြချင်ပါတယ်။

File တွေကို Computer က ဘယ်လိုဖျက်ပေးလဲ? တကယ်တော့ သင်ဟာ file တစ်ခုကို အမှိုက်ပုံး(recycle bin) ကနေ ဖျက်လိုက်ရင်တောင်မှ file ကတကယ်မပျက်သွားပါဘူး။ Computer system က အာ့ file ကို မမြင်ရအောင် လုပ်လိုက်ခြင်းအားဖြင့် file မရှိတော့ဘူးလို့ထင်ရတာပါ။ File ပြန်ဆယ်တယ်ဆိုတာက မမြင်ရတော့တဲ့ file ကို မြင်ရအောင်လုပ်တာပါ။ အဲဒါကြောင့် Computer System ဟာ ဖျက်လိုက်တဲ့ file နေရာမှာ တခြား file အသစ် လာမထည့်မချင်း ဖျက်ပြီးသား file အဟာင်းကို ဆယ်ယူလို့ရမှာပါ။

ဘယ်လိုကာကွယ်မလဲ? အတတ်နိုင်ဆုံး harddisk ပြောင်းသုံးပါ။ အဲဒါကတော့ စိတ်အချရဆုံးနဲ့အမြန်ဆုံးနည်းပါ။ ဒါပေမယ့် harddisk ပြောင်းသုံးရင် window ပြန်တင်ရတာ software ပြန်တင်ရတာ မကြိုက်ဘူးဆိုရင် တခြားနည်းလမ်းတစ်ခုကို ပြောပြပါ့မယ်။ (Warning: sensitive ဖြစ်တဲ့ data တွေကို မသာတွေ မမြင်အောင် ဖျက်ရတာမို့ အရမ်းကြီးတဲ့ data တွေကို backup stick ထဲထည့်ပြီး အာ့ stick ကို ဖွက်ထားတာတို့၊ Browser မှာ saved ထားတဲ့ password ကိုတွေ တခြားနေရာမှာ save တာတို့လုပ်ပါ။ Browser မှာ saved password ပြန်ကြည့်နည်းကို သိချင်တယ်ဆိုရင်လဲ request လုပ်လို့ရပါတယ်။ အတတ်နိုင်ဆုံး မြန်မြန်တင်ပေးပါ့မယ် )

  1. Temp File တွေကိုရှင်းပါ။

    • CCleaner ကို download ပါ
    • CCleaner ကို install လုပ်ပြီးရင် Custom Clean ကိုဖွင့်ပါ။
    • [Window tab ရော Application tab ရော] ဘယ်ဖက်ကဟာတွေ အကုန်လုံးကို အမှန်ခြစ်ပါ။
    • Run Cleaner ကို နှိပ်ပါ။
    ccleaner-1
  2. File Shredder နဲ့ File ကို ဖျက်မယ်

    • File Shredder ကို download ပါ
    • [Add File/Add Folder/Drag & Drop] နဲ့ ဖျက်မယ့် file တွေကို ထည့်ပါ။
    • Shred Files Now… ကိုနှိပ်ပါ။
    ccleaner-2
  3. Shred Free Space

    • CCleaner ကို ဖွင့်ပါ
    • Custom Tab က window tab အောက်က advance အောက်က Wipe Free Space ကို အဓိကပါအောင် အမှန်ခြစ်ပေးပါ (အကုန် အမှန်ခြစ်လဲ ကိစ္စမရှိပါဘူး)
    • Run Cleaner ကိုနှိပ်ပါ။
ccleaner-3