- Published on
A 30 days habit building
- Authors
- Name
- Sai Horm Kham
မင်္ဂလာပါ။ Ideafresh ရဲ့ ပထမဆုံး activity ကို မိတ်ဆက်ပါရစေ။ အာ့ဒါကတော့ အလေ့အကျင့်ကောင်း တစ်ခုကို ပျိုးထောင်ကြည့်ခြင်း သို့ အလေ့ကျင့်ဆိုး တစ်ခုကို စွန့်လွတ်ကြည့်ခြင်းပါ။ သင့်အနေနဲ့ရော online course တွေ နင်းကန်စာရင်းပေးထားပြီး အစအဆုံးတက် သင်တန်းပြီးတဲ့အထိတက်ဖြစ်နေပြီလား။ ညညဆို သန်းခေါင်ထက်ညဉ့်မနက်ဘဲ အိပ်မယ်ဆုံးဖြတ်ပြီး တကယ်အိပ်ဖြစ်နေပြီလား။ သို့မဟုတ် သင့်မှာ လုပ်ချင်တယ်လို့ တွေးထားပြီး မလုပ်ဖြစ်တာရှိနေသလား။ အာ့ဒါတွေရှိတယ်ဆိုရင်တော့ IdeaFresh ရဲ့ 30 habit building experience ထဲပါဝင်လိုက်ပါ။
How?
Define
ပထမဆုံး ကိုယ့်ကိုယ် ဘာဖြစ်ချင်တာလဲ သို့ ဘာလိုချင်တာလဲကို တွေးပါ (goal)။ ပြီးတော့အာ့လိုဖြစ်ဖို့ ကိုယ်ပျိုးထောင်ချင်တဲ့ အကျင့် သို့ စွန့်လွတ်ချင်တဲ့အကျင့်ကို ချရေးပါ (system)။ (ဥပမာ- Web Developer ဖြစ်ချင်တယ်။ အာ့ကြောင့် နေ့တိုင်း မိနစ် ၆၀ Javascript လုပ်မယ်)။
Track
ဒုတိယက ကိုယ့်ရဲ့ goal ကိုရောက်အောင် သွားမယ့် system ကို track လုပ်ပါ။ ဥပမာကို ပုံမှာပြထားပေးပါတယ်။
- ရက်စွဲလေးတွေနဲ့ အပေါက်လေးတွေကို ဆွဲပါ။ ဖြည့်ရမယ့် symbol တွေကတော့
Oကိုယ်က အာ့နေ့မှာ ကိုယ်သတ်မှတ်ထားတဲ့ အစီအစဉ်ကို လုပ်ဖြစ်တယ်။-အာ့နေ့မှာ ကိုယ်က အာ့အလုပ်ကို လုံးဝလုပ်လို့မရလို့။Xအာ့အလုပ်ကို မလုပ်ဖြစ်လို့။ - Failure Note ကိုယ်ဘာလို့ မလုပ်ဖြစ်တဲ့ အကြောင်းကို ချရေးပါ။
- Cycle Review Failure review ကိုကြည့်ပြီး ကိုယ့်အလုပ်တွင်အောင် ဘာလုပ်သင့်တယ်ဆိုတာ စဉ်းစားမိရင်ရေးပါ။ ကဲ ဒီလောက်ဆိုရင် admin တွေနဲ့ အတူတူ 30-day-habit-building experience လေးစတင်လိုက်ရအောင်ပါ။ ကိုယ့်ရဲ့ သူငယ်ချင်းလေးတွေကိုလဲ ဖိတ်ခေါ်လို့ရသလို။ ကိုယ်လုပ်ချင်တဲ့ habit လေးကို လဲ comment section မှာ မျှဝေလို့ရတယ်တယ်နော်။
- ရက်စွဲလေးတွေနဲ့ အပေါက်လေးတွေကို ဆွဲပါ။ ဖြည့်ရမယ့် symbol တွေကတော့