Published on

A 30 days habit building (strict way)

Authors
  • avatar
    Name
    Sai Horm Kham
    Twitter

မင်္ဂလာပါ ညချမ်းပါ။ ပိုစ့်မတင်တာကြာသွားတဲ့အတွက် အရင် တောင်းပန်ပါရစေ (တောင်းပန်ပြီးပြီဖြစ်တဲ့ အရင်လို ပိုစ့်တင်တာ ကျဲမြဲကျဲမှာပါ )

ဟိုး လွန်လေပြီးသော အခါက မင်မင် page မှာ challenge တစ်ခုလုပ်ခဲ့ပါသေးတယ်။ 30 days habit building challenge ရက်(၃၀) မှာ တစ်ရက် လုပ်ဖြစ်ပါတယ်။ (hee)

ဒါပေမယ့် ဒီတစ်ခေါက် မတူရင်တော့ ချဉ်းကပ်ပုံနဲ့ ဆက်လက်ကြိုးစားသွားဖို့ ရှိပါတယ်။

ပထမ challenge တုန်းက သင်ခန်းစာရလိုက်တာက မင်မင်က အပျင်းထူပါတယ်။

အာ့ဒီတော့ ခု challenge မှာ နောက်သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းထားပါတယ်။

challenge ကတော့ နေ့တိုင်း ဂျပန်စာ (၃)နာရီလေ့လာမှာဖြစ်ပါတယ်။

တကယ်လို့သာ မင်မင် နှစ်ရက်ဆက်တိုက် ပျက်ကွက်ခဲ့ရင် သူငယ်ချင်းကို ဒဏ်ငွေအနေနဲ့ ၅၀၀၀ လွဲပေးမှာပါ။ (ပေးဖို့ အစီအစဉ်လုံးဝမရှိပါဘူး hee)

လေ့လာတဲ့ အချိန်ကို မှတ်တမ်းတင်ဖို့ forest app ကို အသုံးပြုမှာပါ။ အာ့ app အကြောင်းကိုတော့ post သပ်သပ် တင်သွားဖို့ရှိပါတယ်။ ( ဒီနေ့အတွက် ၃ နာရီပြည့်အောင် စာကြည့်ရဦးမှာမလို့ပါ hee)

ကဲ စာဖတ်သူ သူငယ်ချင်းကောင်းယောင်းမ အဲလေ ယောင်လို့ သူငယ်ချင်းတို့လဲ ကိုယ်ပိုက်ဆံတောင်းချင်တဲ့ လူကို mention ခေါ်ပြီးတော့ challenge ခေါ်နိုင်ပါတယ်နော်။

အော် ပြီးတော့ ဒါနဲ့လေ kpay......

ဖောက်ပေးဖို့ မင်မင်မှာ ပိုက်ဆံမရှိပါဘူး။ (hee) 30days-habit-building