- Published on
Tips for memorizing
- Authors
- Name
- Skylar
Hello အားလုံးပဲ မင်္ဂလာပါ။
အားလုံးထဲမှာ စာသာလုပ်နေတာ မမှတ်မိတဲ့သူတွေ ရှိလား။ ကျွန်မ ကတော့ ခဏခဏ မေ့တတ်တယ်။ အခုတော့ အရင်လို မမေ့တော့ဘူး။ အဲ့လိုဖြစ်ချင်တဲ့ လူတွေ အတွက် အောက်ကနည်းလေး တွေက အထောက်အကူ ဖြစ်မှာပါ။
Connect with real life experience
ကိုယ့်ရဲ့ အတိတ်က အကြောင်းအရာနဲ့ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အကျင့်နဲ့ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်နဲ့ဖြစ်ဖြစ် ဆက်စပ်တွေးခေါ်ပြီး စာကို မှတ်လိုက်မယ်ဆိုရင် ပိုမှတ်မိလွယ်ပါတယ်။ real life မှာ အဲ့စာနဲ့ တွဲမှတ်ထားတဲ့ အဖြစ်အပျက်ကို ကြုံရင် အဲ့စာကို မှတ်မိနေနိုင်ပါတယ်။
Be teacher
ကိုယ်သိထားတာကို တစ်ခြားသူကို ပြန်သင်ပေးရင်လည်း မမေ့တော့ပါဘူး။ ကျွန်မဆို သိသမျှစာကို အိမ်ကလူတွေကို ပြန်ပြောပြနေကြ။ ပြောပြလိုက်တဲ့ စာတွေဆို မမေ့တော့ဘူး။ အိမ်ကလူ မဟုတ်ဘဲ တစ်ခြားသူတွေကို စာရှင်းပြတာမျိုးတို့လည်း လုပ်ကြည့်လို့ရတယ်နော်။ ဒါမှမဟုတ် တစ်ခြားသူတွေနဲ့ စာအတူတူ လုပ်ပြီး သင်ထားတာတွေကို ဆွေးနွေးတာတို့ မေးခွန်းမေးတာတို့ လုပ်ကြည့်ပါ။ တစ်ယောက်တည်း လုပ်ရင် မှတ်မိအား နည်းပါတယ်။
Role play
ကိုယ်က role play လုပ်ရတာ ကြိုက်ရင်တော့ ကွက်တိပဲ။ ကိုယ်က ဆေးကျောင်းတက်နေတယ် ထားပါတော့။ စာတွေကို scriptလုပ်ပြီး လူနာတစ်လှည့် ဆရာဝန်တစ်လှည့် role play ကြည့်တာမျိုးပေါ့။ လူလည်းမပျင်းရဘူး။ စာလည်းမှတ်မိ။ အဲ့လယ်။ သူငယ်ချင်းနဲ့ role play ရင် ပိုတောင်ပျော်စရာကောင်းအုံးမှာ။
Changing different studying styles
ကိုယ်က စာလုပ်တဲ့ ပုံစံက အမြဲတမ်း ဒီတိုင်းပဲ ဆိုရင် ပျင်းစရာကြီးလေနော့။ အပြောင်းအလဲလေး လုပ်ကြည့်ပါ။ apps အမျိုးမျိုး ပြောင်းသုံးတာမျိုးတို့၊ ဘောပင် အရောင်စုံလေး သုံးပြီးမှတ်တာတို့ တစ်ခုခု ပြောင်းကြည့်ပေါ့နော်။ ပြောင်းရင်းနဲ့ ကိုယ်နဲ့ ပို အဆင်ပြေတဲ့ studying style ကိုလည်း သိသွားနိုင်တယ်ပေါ့နော်။
ဒီနေ့အတွက်တော့ ဒီလောက်ပါပဲနော်။ အပေါ်ကနည်းလေးတွေကို တစ်မျိုးပဲမလုပ်ပဲ အကုန်လိုက်လုပ်ကြည့်ပါနော်။ တစ်မျိုးတည်းပဲ လုပ်ရင်လည်း ကြာရင်ရိုးအီပြီး အဲ့နည်းက အသုံးမဝင်တော့မှာ စိုးလို့ပါ။ နောက်ထပ်မှာချင်တာက ဘယ်နည်းပဲသုံးသုံး focusလုပ်ရပါမယ်။ focus မလုပ်ရင်တော့ စာက ဘယ်လိုလုပ်လုပ် မှတ်မိဖို့ဆိုတာခက်ပါတယ်နော်။ ဒါဆို ဘိုင့်ဘိုင့်။