- Published on
Click to Donate နှင့်ပတ်သက်ပြီး သိသင့်သော tips များ
- Authors
- Name
- Tun Tauk
Click to Donate ဆိုတာ ဘာလဲ။
Click to Donate ဆိုတာ နှိပ်ရုံနဲ့ အခမဲ့ လှူလို့ရမဲ့ link လေးတွေကို နေ့တိုင်းပို့ပေးနေတဲ့ Telegram channel တွေ ဖြစ်ပါတယ်။ ဒီ link တွေကို url shortener service တွေကနေ generate လုပ်ထားတာဖြစ်ပါတယ်။ url shortener service ဆိုတာကတော့ မူရင်း ရှည်လျားတဲ့ link တစ်ခုကို တိုတောင်းတဲ့ link တစ်ခု ဖြစ်အောင်ပြောင်းပေးတဲ့ service ဖြစ်ပါတယ်။ အဲ့ဒီလိုပြောင်းတဲ့ အခါမှာ မူရင်း link ဆီ တိုက်ရိုက် မသွားပဲ ကြော်ငြာခံခြင်း ဖြင့် ပိုက်ဆံရတယ်။ ဒီ service သုံးတဲ့လူတွေကို လည်း လူ အယောက် တစ်ထောင် click ရင် ဘယ်လောက်နှုန်းဆိုပြီး ပိုက်ဆံ ပြန်ပေးပါတယ်။အခု ဒီမှာ အသုံးများကြတဲ့ service တွေကတော့ Ouo.io ၊ adshort.co ၊ linksly.co ၊ za.gl ၊ shrinke.me ၊ adshrink.it တွေဖြစ်ပါတယ်။ နှုန်းတွေကတော့ service တွေပေါ်မူတည်ပြီး ကွဲပြားပါတယ်။ ဒီ telegram channel တွေက ဒီကနေရတဲ့ ပိုက်ဆံ တွေကို လိုအပ်တဲ့ နေရာ မှာ ပြန်လှူပေးတာပဲ ဖြစ်ပါတယ်။ ပထမဆုံး ပြောချင်တဲ့ အချက်ကတော့ payout rates ပါပဲ။
ဒီ service တွေက နိုင်ငံပေါ် မူတည်ပြီး ပေးတဲ့ နှုန်းက ကွဲပြားပါတယ်။
- https://ouo.io/rates
- https://adshort.co/payout-rates
- https://linksly.co/payout-rates
- https://za.gl/payout-rates
- https://shrinkme.io/payout-rates
- https://adshrink.it/payout-rates/
သူ့ list ထဲမှာပါတဲ့နိုင်ငံဆိုရင် တော့ တစ်ထောင်ကို $5 နှုန်း ရမယ်ဆိုပေမဲ့ မပါတဲ့နိုင်ငံဆိုရင်တော့ တစ်ထောင်ကို $2 နှုန်းလောက်ပဲ ရမှာပါ။ အကြမ်းဖျင်း ပြောရရင်တော့ US UK ဆိုရင်တော့ $5 နှုန်းလောက် ဖြစ်နိုင်ပြီး မြန်မာ ဆိုရင်တော့ $2 နှုန်းလောက်နဲ့ ဖြစ်သွားမှာပါ။ တစ်ချို့ service တွေဆိုရင် နိုင်ငံတစ်ချို့ကို $10 လောက်တောင်ပေးထားတာ တွေ့နိုင်ပါတယ်။ အဲ့ဒီတော့ ကိုယ့်ရဲ့ click လေးတစ်ချက်က စျေးအကြီးဆုံး ဖြစ်ရအောင် အနည်းဆုံးတော့ vpn လေး ခံပြီး click စေချင်ပါတယ်။ free vpn တွေမှာ နိုင်ငံ အများကြီးရွေးလို့မရပေမဲ့ US UK လောက်တော့ ရွေးလို့ရနိုင်ပါတယ်။
နောက်တစ်ခုကတော့ unique click ပါ။ unique click ဆိုတာကတော့ လူတစ်ယောက်က link တစ်ခုကို တစ်ကြိမ်ပဲ နှိပ်တာကိုဆိုလိုတာပါ။ တစ်ကြိမ်ထက်ပိုပြီး click ခဲ့ရင်လည်း တစ်ကြိမ်စာပဲ သတ်မှတ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် telegram channel တွေက တစ်ကြိမ် ထက်ပိုပြီး click လို့ရအောင် တစ်ခါ လုပ်ရင် link လေးငါးခုလောက်လုပ်ပါတယ်။ service သုံးလေးခု လောက် သုံးပါတယ်။ အဲ့ဒီ ထက်ပိုပြီး click ချင်တယ်ဆိုရင်တော့ vpn မှာပါတဲ့ နောက်ထပ် တစ်ခြား server တွေ ပြောင်းပြီး ပြန် နှိပ်ပါ။ ဒီ service တွေမှာ unique click ဖြစ်မဖြစ်ကို ip ပေါ်မှာ မူတည်ပြီး စစ်ပါတယ်။ အဲ့ဒီတော့ vpn server ပြောင်းလိုက်ခြင်းဟာ ip address ကိုပြောင်းသွားစေပြီး unique click ဖြစ်စေပါတယ်။ paid vpn တွေမှာဆိုရင် မြို့ အလိုက်ပါ change လို့ရတဲ့ အတွက် ip change ရတာ ပိုလွယ်ကူပါတယ်။ Ouo.io လို service တွေဆိုရင်တော့ multiple click ပါလက်ခံတဲ့အတွက် ip တစ်ခုတည်းကနေ လေးငါးကြိမ် click ရင်လည်း အဆင်ပြေပါတယ်။ ဒီလိုမျိုး link တွေ click ပြီး လှူဒါန်းလို့ရတဲ့ channel တွေ အများကြီးရှိပါတယ်။ ကျွန်တော် သိသလောက် မျှဝေခဲ့ပါမယ်။ Click to donate ၊ Just Click for Heroes ၊ Phat Yinn Hlu ၊ Mr Perverts(18+)။