- Published on
Why do we fall?
- Authors
- Name
- Sai Horm Kham
Why do we fall, Bruce? So, we can learn to pick ourselves up. -Thomas Wayne
ဒီစကားက Batman Begins (2005) မှာ batman ဖြစ်လာမယ့် Bruce Wayne ပိစိနောက်တောက် ပေါက်စနလေးက တွင်းပျက်တစ်ခုထဲ ပြုတ်ကျသွားလို့ ကြောက်ရွံ့နေတဲ့အချိန်မှာ သူ့အဖေ Thomas Wayne ပြောခဲ့တဲ့စကားပါ။ တတ်သလောက် မှတ်သလောက်ဘာသာပြန်ပေးရမယ်ဆိုရင်တော့
“မင်းဘာလို့ ပြုတ်ကျတာလဲဆိုတာသိလား ဘရုစ်… အဲဒါမှမင်းဘယ်လိုပြန်ထရမလဲဆိုတာသိမှာပေါ့”
လို့အလွယ်ပြောလို့ရပါတယ်။ admin ကတော့ ဒီစကားကို wallpaper ထားတဲ့အထိကို သဘောကျခဲ့တာပါ။ admin က computer science ကျောင်းသားတစ်ယောက်ဆိုတော့ software project တွေကို လုပ်ရပါတယ်။ အထူးသဖြင့် ကိုယ်မကျွမ်းကျင်တဲ့ programming language နဲ့ project လုပ်တဲ့အခါကျရင် ဘာ exception မှန်းတောင်မသိတဲ့အထိ error တွေတက်လာတဲ့အချိန်တွေရှိတယ်။ တစ်ခါတစ်လေကျတော့ ရေးထားတာက အဟုတ် run လိုက်တော့ ui တောင်မပေါ်ဘူးဆိုတဲ့ အချိန်အနေတွေရှိလာတယ်။ အာ့လိုအခြေအနေမျိုးမှာဆိုရင် ဒီစကားလေးကိုပြေးသတိရမိတယ်။
“ငါဘာလို့ အသုံးမကျရတာလဲ ဆိုပြီးတော့ပေါ့၊ ဘာလို့လဲဆိုတော့ ငါအခုလိုအသုံးမကျမှ ငါ့ရဲ့အသုံးမကျမှုကနေ အသစ်အသစ်တွေလေ့လာဖို့အခွင့်အရေးရမှာပေါ့”
အာ့လိုနဲ့ပဲ ကျောင်းသင်ခန်းစာမှာ မသင်ရတဲ့ စာတွေကို ကိုယ်တိုင်ရှာဖတ်တတ်လာတာပါ။ အာ့ကြောင့် admin လိုပဲ ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ထင်တဲ့လူတွေအတွက် ဒီ dialog လေးကို မျှဝေပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။