- Published on
This too shall pass (ဒါလည်း ပြီးသွားမှာပါ)
- Authors
- Name
- Tun Tauk
This too shall pass (ဒါလည်း ပြီးသွားမှာပါ)
တစ်နေ့မှာ Solomon ဘုရင်ကြီးက သူ့ရဲ့အယုံကြည်ရဆုံး ဝန်ကြီး တစ်ယောက်ကို "ငါ Sukkot (ဘာသာရေးဆိုင်ရာပွဲတစ်ခု) ရောက်ရင် ဝတ်ဖို့ လက်စွပ် တစ်ကွင်း အလိုရှိတယ်။ မင်း ၆ လ အတွင်းရှာ ပေးနိုင်မလား။ " လို့ပြောတယ်။ ဝန်ကြီးက " ကမ္ဘာပေါ်မှာ ရှိရင်တွေ့အောင်ရှာပါ့မယ်။ " လို့ ပြန်ပြောလိုက်တယ်။ "ဘယ်လောက်တောင် ထူးဆန်း တဲ့ လက်စွပ်မို့လဲ" လို့လည်း ပြန်မေးလိုက်တယ်။ "သူ့မှာ မှော်စွမ်းအားတွေ ရှိတယ်ကွ။ ေပျာ်နေတဲ့လူက အဲ့လက်စွပ်ကို ကြည့်လိုက်ရင် ဝမ်းနည်း သွားတယ်၊ စိတ်ညစ်နေတဲ့လူက အဲ့ လက်စွပ် ကိုကြည့်လိုက်ရင် ပျော်သွားတယ်။" လို့ ဘုရင်ကြီးက ပြန်ဖြေတယ်။ Solomon ဘုရင်ကြီးဟာ ဒါမျိုး လက်စွပ်က မရှိနိုင်မှန်းတော့ သိပါတယ်။ ဒါပေမဲ့ သူရဲ့ ဝန်ကြီးကို အနည်းငယ် မာန် ကို အနည်းငယ် နှိမ့်ချ စေချင်တဲ့ အတွက် ရှာခိုင်း လိုက်ခြင်း ဖြစ်ပါတယ်။
အချိန်တွေက တစ်ဖြည်းဖြည်းနဲ့ ကုန်လာတယ်။ ဝန်ကြီးဟာ လက်စွပ်ကို ဘယ်နေရာမှာ ရှာ ရမလဲ စဥ်းစားလို့ မရဘူး ဖြစ်နေတုန်းပဲ။ ဒီလိုနဲ့ Sukkot မတိုင်ခင် ညမှာ ဝန်ကြီးဟာ Jerusalem ရဲ့ အဆင်းရဲဆုံး ရပ်ကွက် မှာ လမ်းထွက်လျှောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီအချိန်မှာ ပစ္စည်းတွေ ကို ဟောင်းနွမ်းနေတဲ့ ကော်ဇော နဲ့ ထုပ်သိမ်း နေတဲ့ ကုန်သည်အဖိုးအိုကို သွားတွေ့တယ်။ အဲ့ဒါနဲ့ သူက ကုန်သည်အဖိုးအိုကို " ေပျာ်ရွှင်တဲ့ လူဝတ်လိုက်ရင် ဝမ်းနည်း သွားပြီး ဝမ်းနည်းတဲ့လူ ဝတ်လိုက်ရင် ပျော်ရွှင် သွားစေတဲ့ လက်စွပ်မျိုး ကြားဖူးလား" လို့မေးလိုက်တယ်။ အဲ့ဒီ အခါ ကုန်သည်အဖိုးအို က ကော်ဇော လိပ်ထဲက စာ ထွင်းထားတဲ့ လက်စွပ်လေး တစ်ကွင်းကို ထုတ်လိုက်တယ်။ ဝန်ကြီးက လက်စွပ်ပေါ်မှာ ရေးထားတဲ့ စာကို ဖတ်မိပြီး အပြုံးကြီး ပြုံးမိသွားတယ်။ အဲ့ဒီည မှာတော့ တစ်မြို့လုံးက Sukkot ပွဲတော်ကို ဖျော်ဖြေရေးတွေနဲ့ ကြိုဆိုကြတယ်။
နောက်တစ်နေ့ မနက်ရောက်တော့ ဘုရင်ကြီးက ညီလာခံမှာ "ဝန်ကြီး ငါရှာခိုင်းတဲ့ ဟာ ရှာလို့တွေ့ရဲ့လား " လို့မေးတယ်။ တစ်ခြားဝန်ကြီးတွေက ရယ်ကြတယ်။ ဘုရင်ကြီး ကိုယ်တိုင်ကလည်း ပြုံးပြုံးနဲ့ ကြည့်နေလေရဲ့။ အဲ့ဒီအချိန်မှာ ဝန်ကြီးက " ဒီမှာပါ အရှင်မင်းကြီး " ဆိုပြီး လက်စွပ် သေးသေးလေးကို ကိုင်မြှောက်ပြလိုက်တော့ ဝန်ကြီးတွေ အကုန်လုံး အံဩ ကုန် ကြတယ်။ Solomon ဘုရင်ကြီးဟာ လက်စွပ်ကို ယူလိုက်ပြီး ရေးထားတဲ့ စာကို ဖတ်ကြည့် လိုက်တော့ သူ့မျက်နှာ က အပြုံးေတွ ပျောက်ကွယ် သွားပါတော့တယ်။ လက်စွပ်မှာက ထွင်းထားတဲ့ စာသားကတော့ This too shall pass (ဒါလည်း ပြီးသွားမှာပါ) ဆိုတဲ့ စာ သားကို Hebrew ဘာသာစကားနဲ့ ထွင်းထားတာပါတဲ့။ အဲ့ဒီ အချိန်မှာ Solomon ဘုရင်ကြီးဟာ သူ့ရဲ့ ကြွယ်ဝမှု၊ ချမ်းသာမှု၊ ဉာဏ်ပညာ ကြီးမားမှု၊ အောင်မြင်မှု၊ ဂုဏ်သတင်းတွေ ဟာ ပျောက်ကွယ်တတ်တဲ့ အရာတွေပဲ ဖြစ်တယ်။ တစ်ချိန်မှာ ဖုန်မှုန့် လေးလိုပဲ ပျောက်ကွယ် သွားမှာပဲ ဖြစ်တယ် ဆိုတဲ့ အကြောင်း နားလည် သွားပါတော့တယ်။
ဒီပုံပြင်လေးရဲ့ အဓိက ရည်ရွယ်ချက်က မတည်မြဲခြင်း ကို ဖော်ညွှန်းတာ ပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ ကိစ္စ တစ်ခုခု ကြောင့် စိတ်ညစ်နေရတယ်၊ ပင်ပန်းနေရတယ် ဆိုလည်း ဒါတွေဟာ အချိန် တစ်ခုထိပါပဲ ။ တစ်ချိန်ကျရင် ပျောက်ကွယ်သွားမှာပါ။ အောင်မြင်မှု ရတယ်ဆိုလည်း ဒီအောင်မြင်မှုပေါ်ပဲ သာယာ မနေ သင့်ပဲ ဆက်ကြိုးစားပါ။ ချစ်ခြင်း မုန်းခြင်း တွေဟာလည်း တဒဂင်္ ပါပဲ ။ အချိန် အကြာကြီး မခံစား နေသင့်ပါဘူး။
This too shall pass ကို ဆီလျော်အောင် ဘာသာပြန် တင်ဆက်သည်။