Published on

I use Arch, btw

Authors
  • avatar
    Name
    Sai Horm Kham
    Twitter

အာချောင်တာပါ။ အာဆက်ချောင်မှာပါ။ ကျွန်တော်က Window user, so-called ပရိုဂရမ်မာ ပါ။ (Don't judge me! I have already paid for the window license along with the laptop. ) Programmer တစ်ယောက်အနေနဲ့ ကျွန်တော့်အတွက်က Window နဲ့ love & hate relationship ရှိပါတယ်။ ဒါပေမယ့် ဒီပို့စ်မှာတော့ ကျွန်တော်တွဲခဲ့ဖူးတဲ့ Linux distro အကြောင်းပြောပြမှာဖြစ်ပါတယ်။

ခါလီ ( ဆက်စီကျတဲ့ကောင်မလေး )

Kali Linux ကို တော်တော်များများက security (အရပ်စကားအရ hacking) နဲ့ တွဲမြင်ကြမှာပါ။ ကျွန်တော်ပထမဦးဆုံးစပြီး သုံးဖူးတဲ့ Linux distro ဆိုရင်လဲ မမှားပါဘူး။ ၂၀၁၂ လောက်တုန်းက ဖြစ်မယ်။ ကျွန်တော့်ရဲ့ ပထမဦးဆုံး ကွန်ပျူတာအဟောင်းလေးမှာ window နဲ့ လက်တွဲဖြုတ်ပြီး ခါလီလေးဆီအပြေးသွားခဲ့တာပေါ့လေ။ ဒါပေမယ့်လဲ WEP WIFI Password ကို tutorial လေးတွေအတိုင်းရအောင် crack ပြီးတော့ ဘာမှဆက်ဖြစ်လာခဲ့ပါဘူး။ အာ့ဟာနဲ့ အဆက်ဟောင်း window ဆီပဲ ပြန်ပြေးခဲ့ရပါသေးတယ်။

စာဥ (လူကြိုက်များတဲ့ ကောင်မလေး)

Ubuntu ရဲ့ First Impression ကတော့ တော်တော်လေးကောင်းခဲ့ပါတယ်။ ဘာကောင်းတာလဲ မေးရင် ရက်စွဲတွေကို မြန်မာ native language နဲ့ ပြပေးတယ်လေ😝။ ခုနှစ်ကတော့ ၂၀၁၄ ပါ။ အာ့အချိန်တုန်းက အိမ်မှာလဲ internet ကို modem နဲ့ သုံးရတဲ့ခေတ်ဖြစ်တာကတစ်ကြောင်း window software လိုမျိူး ဆိုင်မှာ stick နဲ့သွားဝယ်လို့မရတာကတစ်ကြောင်း ဘာမှဆက်ဖြစ်လာခဲ့ပါဘူး။

စာဥနှင့် နောက်တစ်ကြိမ်

နောက်တစ်ကြိမ်စာဥနဲ့ တွဲတာကတော့ တော်တော်ခံလိုက်ပါတယ်(အချိန်ပြောတာနော်)။ UCSM(ကျောင်း) Male hostel မှာ Wifi ရစဉ်ကာလဆိုတော့ စာဥနဲ့ကတော်တော်အဆင်ပြေတယ်။ Commend line လေးနဲ့ C လေး run လိုက်၊ Java လေး compile လိုက်နဲ့ သာယာခဲ့တဲ့ အချိန်တွေပေါ့ဗျာ 😂။ (နောက်ပိုင်းမှာ IDE ပဲသုံးပါတယ်။ Java class file ထုတ်တဲ့ command တောင် မေ့သွားပါပြီ။) ဘာကြောင့် ဘယ်လို ဘယ်ချိန် ဘယ့်အတွက်နဲ့ ပြတ်သွားလဲလဲ မမှတ်တော့ပါဘူး။ သေချာတာကတော့ ကျွန်တော်က စဖြတ်တာပါ။ (I am something of a playboy myself)

ပိုင် (ခဏတာ ဆုံခဲ့သူ)

Raspberry Pi စမ်းရင်းနဲ့ ပိုင်နဲ့သိကျွမ်းဝင်ခဲ့တာပါ။ မင်းက PI 3 B+ တွေသုံးပြီး robotic တွေလုပ်တာလား၊ IOT တွေ AI တွေလုပ်တာလားလို့ မေးစရာရှိပါတယ်။ တစ်ခုမှမဟုတ်ပါဘူး Youtube ကြည့်ဖို့ပါ😂။ VLC သွင်းပြီး ရုပ်ရှင်ဘာညာကြည့်ဖို့ လုပ်ပါသေးတယ်။ သိပ်အဆင်မပြေလို့ ဆိုင်မှာပဲ Youtube နဲ့ ဗိုင်အောင်တင်သီချင်းတွေ ခုနှစ်အိမ် ရှစ်အိမ်ကြားဖွင့်ပါတယ်။ (ဆိုင်က ကလေးမတွေ ဖွင့်တာနော်။ ကိုယ်မပါဘူး။ ရိုက်ချင်ရင် သူတို့ကိုသွားရိုက်။)

ဇိုလင် (အချစ်ဦး)

ဟ မင်းဟာက လေးယောက်မြောက်မှ အချစ်ဦးတဲ့လားလို့ မjudge ပါနဲ့။ Zorin ကတော့ ကျွန်တော့် ပထမဦးဆုံး internship မဆင်းခင်တစ်လ နှစ်လ အလိုမှ စသိကျွမ်းခဲ့ပေမယ့် အခုထိမမေ့နိုင်သေးတဲ့ အချစ်ဦးလေးပါ။ သူမဟာ ရိုးရှင်းတယ်။ ချစ်ဖို့ကောင်းတယ်။ သွက်လက်တယ်။ Kali တွေလို Archတွေလိုမျိုး sexy မကျပေမယ့် ကျွန်တော်ကတော့ သူမမှ သူမဖြစ်နေခဲ့တာပါ။ ကျွန်တော့်ရဲ့ 4th Gen i5, Ram 8 Gb က သူမှကြောင့်သာ အသက်ဝင်နေတာပါ။ Android Studio, Photoshop, နဲ့ Chrome ဘာလာလာဒေါင်းတယ်။ ဒါပေမယ့် ၂နှစ်ခွဲလောက်တွဲပြီးတဲ့ နောက်ပိုင်းမှာ 6နှစ်လောက်ကြာပြီဖြစ်တဲ့ laptop လေးကိုစွန့်ပစ်ပြီး Laptop အသစ်လဲဖြစ်တဲ့နောက်ပိုင်းမှာတော့ သူမနဲ့ ထပ်မတွေ့ဖြစ်တော့ပါဘူး။ 😟 ။ သူမကို စိတ်ဝင်စားရင်တော့ ဒီမှာသွားကြည့်လို့ရပါတယ်။ https://zorin.com/os/download/

Blind Date

တခြား Arch, Manjaro တို့လို distro တွေနဲ့ blind date ခဲ့ဖူးပေမယ့် သိပ်ထဲထဲဝင်ဝင် သိကျွမ်းဖို့ အခွင့်အရေးမရခဲ့တာကြောင့် ဒီလိုပဲပြီးသွားခဲ့တာပါ။

ဒါပါပဲ။ နောက်တစ်ပတ်မှ တွေ့ချင်လဲ တွေ့မယ်။ မတွေ့ချင်လဲ မတွေ့ဘူး။ see you all!